Red Bull Power Race ဆိုတာဘာလဲ?
ပြိုင်ပွဲပုံစံ (Race Format)
ပြိုင်ပွဲဝင်တွေဟာ လမ်းကြောင်းတစ်ခုလုံးကို သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း အမြန်ဆုံး ပြီးဆုံးအောင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အားကစားသမားတွေဟာ မီတာ ၄၀၀ အပြေးပြိုင်ပွဲ ၄ ကြိမ်နဲ့ ခန္ဓာကိုယ်အလေးချိန်သုံး လေ့ကျင့်ခန်း ၃ ခုကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ္။ အမျိုးသားတွေအနေနဲ့ ဒိုက်ထိုးခြင်း (Push-ups) အကြိမ် ၄၀ ၊ အိပ်ထမတင် (Sit-ups) အကြိမ် ၄၀ နဲ့ ထိုင်ထ (Squats) အကြိမ် ၄၀ ပြုလုပ်ရမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ လေ့ကျင့်ခန်းတစ်ခုစီကို ၃၀ ကြိမ်စီ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ လမ်းကြောင်းတစ်ခုလုံးကို သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း အမြန်ဆုံး ပြီးဆုံးအောင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒိုင်လူကြီးများအနေနဲ့ သတ်မှတ်ထားတဲ့ လှုပ်ရှားမှုစံနှုန်းနဲ့ ကိုက်ညီတဲ့ အကြိမ်အရေအတွက်ကိုသာ ထည့်သွင်းရေတွက်မှာ ဖြစ်ပါတယ်။ အားကစားသမားတွေဟာ နောက်တစ်ဆင့်ကို မတက်လှမ်းမီ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်အားလုံးကို မဖြစ်မနေ ပြီးမြောက်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ စိန်ခေါ်မှုကတော့ ကိုယ့်ရဲ့အရှိန်ကို ဘယ်လိုထိန်းညှိမလဲ ၊ ပင်ပန်းနွမ်းနယ်မှုကို ဘယ်လိုကျော်ဖြတ်မလဲ ၊ စက္ကန့်တိုင်းက အရေးကြီးနေတဲ့ အချိန်မှာ ဖိအားအောက် ဘယ်လိုစွမ်းဆောင်မလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။ အစပိုင်းမှာ အရှိန်ပြင်းပြင်းနဲ့ စတင်လိုက်ပါက နောက်ပိုင်းမှာ အားအင်ကုန်ခန်းလွယ်နိုင်ပြီး အားကို အရမ်းချန်ထားရင်လည်း တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးနိုင်ပါတယ်။ အောင်မြင်မှုဆိုတာ ကြံ့ခိုင်မှုသက်သက်တင်မကဘဲ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း ၊ တည်ငြိမ်မှုရှိခြင်းနဲ့ ပန်းဝင်နိုင်သည်အထိ လုံလောက်သော ခွန်အားရှိခြင်းတို့အပေါ်တွင်လည်း မူတည်ပါတယ်။ ခဏတာ အမောဖြေဖို့ နားချင်ပါသလား? အားကစားသမားတွေဟာ လေ့ကျင့်ခန်းအခန်းတွေမှာ အချိန်မရွေး ခဏနားနိုင်ပေမဲ့ ပြိုင်ပွဲအချိန်တွက်စနစ်ကတော့ ရပ်နေမှာမဟုတ်ဘူးနော်။


လေ့ကျင့်ခန်း စံသတ်မှတ်ချက်များ (Exercise Standards)
Red Bull Power Race ကို ရိုးရှင်းပြီး အခြေခံကျတဲ့ လှုပ်ရှားမှုတွေကို အခြေခံပြီး ဖန်တီးထားပါတယ်။ စိန်ခေါ်မှုကတော့ ဖိအားများတဲ့ အချိန်အတွင်းမှာတောင် ဒီလှုပ်ရှားမှုတွေကို မှန်ကန်တဲ့ ပုံစံနဲ့ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ စံသတ်မှတ်ချက်တွေကို ကြိုတင်လေ့လာပြီး ပြိုင်ပွဲနေ့မှာ ဒိုင်လူကြီးတွေ ဘာတွေကို အကဲဖြတ်ကြည့်ရှုမလဲဆိုတာ နားလည်ထားပါ။ လေ့ကျင့်ခန်း တစ်ကြိမ်ချင်းစီတိုင်းက အရေးကြီးပါတယ်။
အရည်အချင်းစစ် ခရီးစဉ် (The Qualification Journey)
အားကစားသမားအားလုံးဟာ မိမိတို့ဒေသတွင်းမှာကျင်းပမယ့် Red Bull Power Race ပွဲစဉ်ရဲ့ ခြေစစ်ပွဲ (Qualification Heats) တွေကနေ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ အမျိုးသားနဲ့အမျိုးသမီး ပွဲစဉ်တွေအဖြစ် သီးခြားစီ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲစဉ်တစ်ခုမှာ အားကစားသမား ခန့်မှန်းခြေ ၁၀ ဦးမှ ၂၅ ဦးအထိ ပါဝင်ပါမယ်။ ပွဲစဉ်တစ်ခုချင်းစီမှာ အချိန်အနည်းဆုံးနဲ့ အမြန်ဆုံးပန်းဝင်တဲ့ အားကစားသမားတွေဟာ အမျိုးသားအဆင့် ဗိုလ်လုပွဲ (National Showdown) သို့ တက်လှမ်းခွင့်ရရှိမှာဖြစ်ပြီး ထိုပွဲမှာ ပွဲတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်နိုင်သူများနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အမျိုးသားအဆင့် ဗိုလ်လုပွဲ (National Showdown)
အမျိုးသားအဆင့် ဗိုလ်လုပွဲ (National Showdown) ဟာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် Red Bull Power Race နိုင်ငံတကာ ဗိုလ်လုပွဲ (International Final) မှာ မိမိတို့နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် အားကစားသမားတွေကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံအဆင့် ပြိုင်ပွဲတစ်ခုချင်းစီမှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁၂ ဦးတို့ဟာ နိုင်ငံတကာဗိုလ်လုပွဲကို တက်ရောက်ခွင့် ရရှိကြမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဗိုလ်လုပွဲ – ဘန်ကောက်မြို့ (International Final – Bangkok)
နိုင်ငံတကာ ဗိုလ်လုပွဲဟာ အရှေ့တောင်အာရှတစ်လွှားက ထိပ်တန်း အားကစားသမားတွေကို စုစည်းပေးပြီး Red Bull Power Race နိုင်ငံတကာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ နိုင်ငံအဆင့်ပြိုင်ပွဲတစ်ခုစီက ထိပ်တန်း အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁၂ ဦးတို့ဟာ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် Red Bull Power Race နိုင်ငံတကာ ဗိုလ်လုပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အားကစားသမားတွေဟာ - အသွားအပြန် လေယာဉ်လက်မှတ် - ဟိုတယ်တည်းခိုနေထိုင်ခွင့် - ပြိုင်ပွဲဝင်ခွင့်တို့ကို ရရှိမှာဖြစ်ပါတယ်။ ဒီပွဲဟာ မိမိတို့နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဥ်ပြိုင်ပြီး အရှေ့တောင်အာရှတစ်လွှားက အကောင်းဆုံး Red Bull Power Race အားကစားသမားများနဲ့ ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။
မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။
Red Bull Power Race ကို အသက် ၁၈ နှစ်နှင့်အထက် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ သင်ဟာ အောင်မြင်တဲ့ အားကစားသမားတစ်ယောက် ဖြစ်နေဖို့မလိုသလို ကလပ်အသင်းတစ်ခုခုအတွက် ယှဉ်ပြိုင်ပေးနေသူ ဒါမှမဟုတ် နှစ်ပေါင်းများစွာ လေ့ကျင့်ခန်းလုပ်လာခဲ့တဲ့ အတွေ့အကြုံရှိသူ ဖြစ်နေဖို့လည်း မလိုပါ။ သင်ဟာ အပြေးသမားတစ်ဦးဖြစ်စေ ၊ Gym ကစားသူဖြစ်စေ ၊ ပိတ်ရက်မှ လေ့ကျင့်ခန်းလုပ်လေ့ရှိသူဖြစ်စေ ဒါမှမဟုတ် စိန်ခေါ်မှုအသစ်တစ်ခုကို ရှာဖွေနေသူပဲဖြစ်စေ ဒီပွဲဟာ သင့်အတွက် လမ်းကြောင်းတစ်ခုပေါ်ကိုတက်လှမ်းနိုင်ဖို့ နဲ့ သင့်စွမ်းရည်ကို ကိုယ်တိုင်တွေ့ရှိနိုင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ မိမိကိုယ်ကိုယ် စမ်းသပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ Red Bull Power Race အတွက်လည်း အဆင်သင့် ဖြစ်နေပါပြီ။


Red Bull Power Race က ဘာကြောင့် ထူးခြားနေတာလဲ။


အမေးများသောမေးခွန်းများ။
Red Bull Power Race ဆိုတာ လျင်မြန်ဖြတ်လတ်မှု၊ စိတ်ဓာတ်ပြတ်သားမှုနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုတို့ ပေါင်းစပ်ထားတဲ့ လုံးဝအသစ်စက်စက်ပြိုင်ပွဲကြီး တစ်ခု ဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ မြို့ကြီး လေးမြို့ဖြစ်တဲ့ ကွာလာလမ်ပူ၊ ရန်ကုန်၊ ဂျာကာတာနဲ့ ဘန်ကောက်မြို့တွေထဲက မိမိအဆင်ပြေရာ မြို့တစ်မြို့မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပါ။ နိုင်ငံအဆင့် ပြိုင်ပွဲတစ်ခုချင်းစီက အကောင်းဆုံး အားကစားသမားတွေဟာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ဗိုလ်လုပွဲမှာ မိမိတို့နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ၊ ကိရိယာတန်ဆာပလာတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ မလိုပါ။ သင်၊ သင့်ခန္ဓာကိုယ်နဲ့ အချိန်မီပြိုင်ရမယ့်ပြိုင်ပွဲတစ်ခုသာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အားကစားသမားတွေဟာ မီတာ ၄၀၀ အပြေး ၄ ကြိမ်နဲ့ ကိုယ်အလေးချိန်အသုံးပြု လေ့ကျင့်ခန်း ၃ ခုကို အမြန်ဆုံး ပြီးဆုံးအောင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ ဒိုက်ထိုး အကြိမ် ၄၀၊ အိပ်ထမတင် အကြိမ် ၄၀ နဲ့ ထိုင်ထ အကြိမ် ၄၀ ပြုလုပ်ရမှာဖြစ်ပြီး၊ အမျိုးသမီးတွေကတော့ လေ့ကျင့်ခန်းတစ်ခုစီကို ၃၀ ကြိမ်စီ ပြီးမြောက်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ တရားဝင် ပြိုင်ပွဲစည်းမျဉ်းများနှင့် လှုပ်ရှားမှုစံနှုန်းများကို ဤနေရာတွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်၊ သို့မဟုတ် အသေးစိတ် ထပ်မံသိရှိလိုပါက 'What is Red Bull Power Race' စာမျက်နှာသို့ ဝင်ရောက်လေ့လာနိုင်ပါသည်။
Red Bull Power Race ကို စိန်ခေါ်မှုတွေကို သဘောကျတဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေသူတွေအတွက် ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ သင်က အပြေးဝါသနာရှင်ပဲဖြစ်ဖြစ်၊ Gym ဆော့သူပဲဖြစ်ဖြစ်၊ အသင်းလိုက်အားကစား ကစားသူပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားပြီး တက်တက်ကြွကြွ နေထိုင်ရတာကို သဘောကျသူပဲဖြစ်ဖြစ် ဒီပြိုင်ပွဲက သင့်အတွက်ပါပဲ။
ဘာလို့လဲဆိုတော့ အကြီးမားဆုံး ပြိုင်ဆိုင်မှုဆိုတာ တကယ်တော့ မိမိကိုယ်ကိုယ် ပြန်လည်ကျော်ဖြတ်ခြင်းပဲ ဖြစ်လို့ပါ။ Red Bull Power Race ဟာ သင့်ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားဖို့၊ လျင်မြန်ဖြတ်လတ်မှု၊ ခွန်အားနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို စမ်းသပ်ဖို့အပြင်၊ စိတ်တူကိုယ်တူ အားကစားသမားတွေနဲ့အတူ ပြိုင်ပွဲနေ့ရဲ့ ထူးခြားတဲ့ အငွေ့အသက်ကို ခံစားနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးပြိုင်ပွဲတစ်ခုထက်မက ပိုပါတယ်။ Red Bull Power Race ရဲ့ ကမ္ဘာ့အဦးဆုံး မိတ်ဆက်ပွဲ အစီအစဉ်အနေနဲ့ ကွာလာလမ်ပူ၊ ဂျကာတာ၊ ရန်ကုန် နဲ့ ဘန်ကောက်မြို့တွေက အားကစားသမားတွေဟာ မိမိတို့နိုင်ငံအလိုက် ပြိုင်ပွဲတွေကနေတစ်ဆင့် ဘန်ကောက်မြို့မှာ ကျင်းပမယ့် နိုင်ငံတကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းခွင့်ရရှိဖို့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအဆင့်တိုင်း၊ စက္ကန့်တိုင်းနဲ့ စိန်ခေါ်မှုတိုင်းက သင့်ကို အကြီးကျယ်ဆုံးသော စင်မြင့်ထက်မှာ မိမိနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ခြေတစ်လှမ်းချင်းစီ နီးစပ်သွားစေမှာပါ။ အရှေ့တောင်အာရှတစ်ခွင်က အတော်ဆုံး အားကစားသမားတွေနဲ့ ရင်ဘောင်တန်းဖို့ မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ပြီး ကြံ့ခိုင်မှုပြိုင်ပွဲရဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုမှာ ပါဝင်လိုက်ပါ။ ဒါဟာ သာမန်တာထွက်မျဉ်းနဲ့ ပန်းဝင်မျဉ်းတင် ရှိမယ့် ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။ ပြိုင်ပွဲတိုင်းကို Red Bull တစ်ခုတည်းကသာ ဖန်တီးပေးနိုင်တဲ့ စွမ်းအင်၊ အငွေ့အသက်နဲ့ အတွေ့အကြုံတွေကတစ်ဆင့် အားကစားသမားတွေရော ပရိသတ်တွေကိုပါ တစ်သားတည်း ဖြစ်သွားစေဖို့ ရည်ရွယ်ပြီး ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။
အားကစားသမားများက မီတာ ၄၀၀ အပြေးပြိုင်ပွဲနှင့် ကိုယ်အလေးချိန်အသုံးပြု လေ့ကျင့်ခန်း ၃ ခုကို ပေါင်းစပ်ပြီး အမြန်ဆုံးအချိန်အတွင်း ပြီးဆုံးအောင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ တရားဝင် ပြိုင်ပွဲစည်းမျဉ်းများနှင့် လှုပ်ရှားမှုစံနှုန်းများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ သို့မဟုတ် အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက 'Red Bull Power Race ဆိုတာ ဘာလဲ' စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
အဆင့် (၁) – အုပ်စုလိုက် အကြိတ်အနယ် ယှဉ်ပြိုင်ခြင်း အားကစားသမား အားလုံးသည် အကြမ်းဖျင်းအားဖြင့် ၁၀ ဦးမှ ၂၅ ဦးခန့် ပါဝင်သော အရည်အချင်းစစ် အုပ်စုမျာ;မှ စတင်ယှဉ်ပြိုင်ရပါမည်။အမျိုးသားနှင့် အမျိုးသမီးများကို သီးခြားစီ ခွဲခြားပြီး ယှဉ်ပြိုင်စေမှာပါ။ အုပ်စုတစ်ခုချင်းစီတွင် ပြိုင်ပွဲဝင်အားလုံး တစ်ပြိုင်နက် တာထွက်ရမည့် ပုံစံကို အသုံးပြုမှာဖြစ်ပါတယ်။ပန်းဝင်သည့် တရားဝင် အချိန်မှတ်တမ်းပေါ် မူတည်ပြီး အဆင့်သတ်မှတ်ချက်နှင့် အမျိုးသားအဆင့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်တို့ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ဒါကြာင့် စက္ကန့်တိုင်းက အရေးကြီးပါတယ်။ အဆင့် (၂) – အမျိုးသားအဆင့် ဗိုလ်လုပွဲ အမြန်ဆုံး အားကစားသမားများဟာ ပြိုင်ပွဲနေ့ရဲ့ နောက်ပိုင်းအချိန်မှာ ဆက်လက်ကျင်းပမယ့် အမျိုးသားအဆင့် ဗိုလ်လုပွဲသို့ တက်လှမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။ အရည်အချင်းပြည့်မီမှုကို အောက်ပါအတိုင်း သတ်မှတ် ဆုံးဖြတ်မှာပါ -အရည်အချင်းစစ် အုပ်စု တစ်ခုချင်းစီရဲ့ ပထမရရှိသူများ အားလုံးက နောက်တစ်ဆင့်သို့ အလိုအလျောက် တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ််။ကျန်ရှိတဲ့ နေရာများကို အုပ်စုအားလုံးထဲတွင် အချိန်မှတ်တမ်း အကောင်းဆုံး ရရှိကြသည့် အားကစားသမားများကို ထပ်မံရွေးချယ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။အမျိုးသားအဆင့် ဗိုလ်လုပွဲပြိုင်ပွဲဟာ အဆိုပါ ပွဲစဉ်တစ်ခုလုံးရဲ့ တရားဝင် အနိုင်ရရှိသူများနှင့် အဆင့်သတ်မှတ်ချက်များကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။အမျိုးသမီး ထိပ်သီး ၁၂ ဦးနှင့် အမျိုးသား ထိပ်သီး ၁၂ ဦးတို့ဟာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဘန်ကောက်မြို့၌ ကျင်းပမည့် နိုင်ငံတကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဆင့် (၃) – နိုင်ငံတကာ နောက်ဆုံးဗိုလ်လုပွဲ အမျိုးသားအဆင့် ပြိုင်ပွဲတစ်ခုချင်းစီမှ အမျိုးသမီး ထိပ်သီး ၁၂ ဦးနှင့် အမျိုးသား ထိပ်သီး ၁၂ ဦးတို့ဟာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် နိုင်ငံတကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဆုပ်ကိုင်နိုင်မည့် အခွင့်အရေးကောင်းများက- မိမိဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ခွင့်ရခြင်း၊အရှေ့တောင်အာရှတစ်ခွင်မှ အတော်ဆုံး အားကစားသမားများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်ခွင့်ရခြင်း၊သမိုင်းတစ်လျှောက် ပထမဆုံးသော Red Bull Power Race နိုင်ငံတကာ ချန်ပီယံ ဖြစ်လာနိုင်ခြင်း၊မိမိအဖွဲ့အား သမိုင်းတစ်လျှောက် ပထမဆုံးသော Red Bull Power Race အမျိုးသား/အမျိုးသမီး ပူးတွဲအသင်းလိုက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခြင်း။
ပါဝင်ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်ပြီလား?
အခုပဲ စာရင်းပေးသွင်းပြီး သင့်မှာ ဘယ်လောက်အထိ စွမ်းဆောင်ရည်ရှိလဲဆိုတာကို သက်သေပြလိုက်ပါ။ Red Bull Power Race ရဲ့ ကမ္ဘာ့ပထမဆုံးပွဲဦးထွက်အဖြစ် Red Bull တစ်ခုတည်းကသာ ဖန်တီးပေးနိုင်မယ့် စွမ်းအင်နဲ့ စည်းလုံးညီညွတ်မှုတွေကို လာရောက်ခံစားလိုက်ပါ။












