RED BULL POWER RACE

Red Bull Power Race ဆိုတာ ဘာလဲ။

Red Bull Power Race ဆိုတာ လျင်မြန်ဖြတ်လတ်မှု၊ စိတ်ဓာတ်ပြတ်သားမှုနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုတို့ ပေါင်းစပ်ထားတဲ့ လုံးဝအသစ်စက်စက်ပြိုင်ပွဲကြီး တစ်ခု ဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ မြို့ကြီး လေးမြို့ဖြစ်တဲ့ ကွာလာလမ်ပူ၊ ရန်ကုန်၊ ဂျာကာတာနဲ့ ဘန်ကောက်မြို့တွေထဲက မိမိအဆင်ပြေရာ မြို့တစ်မြို့မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပါ။ နိုင်ငံအဆင့် ပြိုင်ပွဲတစ်ခုချင်းစီက အကောင်းဆုံး အားကစားသမားတွေဟာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ဗိုလ်လုပွဲမှာ မိမိတို့နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ၊ ကိရိယာတန်ဆာပလာတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ မလိုပါ။ သင်၊ သင့်ခန္ဓာကိုယ်နဲ့ အချိန်မီပြိုင်ရမယ့်ပြိုင်ပွဲတစ်ခုသာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အားကစားသမားတွေဟာ မီတာ ၄၀၀ အပြေး ၄ ကြိမ်နဲ့ ကိုယ်အလေးချိန်အသုံးပြု လေ့ကျင့်ခန်း ၃ ခုကို အမြန်ဆုံး ပြီးဆုံးအောင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ ဒိုက်ထိုး အကြိမ် ၄၀၊ အိပ်ထမတင် အကြိမ် ၄၀ နဲ့ ထိုင်ထ အကြိမ် ၄၀ ပြုလုပ်ရမှာဖြစ်ပြီး၊ အမျိုးသမီးတွေကတော့ လေ့ကျင့်ခန်းတစ်ခုစီကို ၃၀ ကြိမ်စီ ပြီးမြောက်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ တရားဝင် ပြိုင်ပွဲစည်းမျဉ်းများနှင့် လှုပ်ရှားမှုစံနှုန်းများကို ဤနေရာတွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်၊ သို့မဟုတ် အသေးစိတ် ထပ်မံသိရှိလိုပါက 'What is Red Bull Power Race' စာမျက်နှာသို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

Red Bull Power Race က ကျွမ်းကျင်အဆင့် အားကစားသမားတွေအတွက်ပဲလား။

Red Bull Power Race ကို စိန်ခေါ်မှုတွေကို သဘောကျတဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေသူတွေအတွက် ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ သင်က အပြေးဝါသနာရှင်ပဲဖြစ်ဖြစ်၊ Gym ဆော့သူပဲဖြစ်ဖြစ်၊ အသင်းလိုက်အားကစား ကစားသူပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားပြီး တက်တက်ကြွကြွ နေထိုင်ရတာကို သဘောကျသူပဲဖြစ်ဖြစ် ဒီပြိုင်ပွဲက သင့်အတွက်ပါပဲ။

ဒီပြိုင်ပွဲမှာ ဘာလို့ ပါဝင်ဆင်နွှဲသင့်လဲ။

ဘာလို့လဲဆိုတော့ အကြီးမားဆုံး ပြိုင်ဆိုင်မှုဆိုတာ တကယ်တော့ မိမိကိုယ်ကိုယ် ပြန်လည်ကျော်ဖြတ်ခြင်းပဲ ဖြစ်လို့ပါ။ Red Bull Power Race ဟာ သင့်ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားဖို့၊ လျင်မြန်ဖြတ်လတ်မှု၊ ခွန်အားနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို စမ်းသပ်ဖို့အပြင်၊ စိတ်တူကိုယ်တူ အားကစားသမားတွေနဲ့အတူ ပြိုင်ပွဲနေ့ရဲ့ ထူးခြားတဲ့ အငွေ့အသက်ကို ခံစားနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးပြိုင်ပွဲတစ်ခုထက်မက ပိုပါတယ်။ Red Bull Power Race ရဲ့ ကမ္ဘာ့အဦးဆုံး မိတ်ဆက်ပွဲ အစီအစဉ်အနေနဲ့ ကွာလာလမ်ပူ၊ ဂျကာတာ၊ ရန်ကုန် နဲ့ ဘန်ကောက်မြို့တွေက အားကစားသမားတွေဟာ မိမိတို့နိုင်ငံအလိုက် ပြိုင်ပွဲတွေကနေတစ်ဆင့် ဘန်ကောက်မြို့မှာ ကျင်းပမယ့် နိုင်ငံတကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းခွင့်ရရှိဖို့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအဆင့်တိုင်း၊ စက္ကန့်တိုင်းနဲ့ စိန်ခေါ်မှုတိုင်းက သင့်ကို အကြီးကျယ်ဆုံးသော စင်မြင့်ထက်မှာ မိမိနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ခြေတစ်လှမ်းချင်းစီ နီးစပ်သွားစေမှာပါ။ အရှေ့တောင်အာရှတစ်ခွင်က အတော်ဆုံး အားကစားသမားတွေနဲ့ ရင်ဘောင်တန်းဖို့ မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ပြီး ကြံ့ခိုင်မှုပြိုင်ပွဲရဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုမှာ ပါဝင်လိုက်ပါ။ ဒါဟာ သာမန်တာထွက်မျဉ်းနဲ့ ပန်းဝင်မျဉ်းတင် ရှိမယ့် ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။ ပြိုင်ပွဲတိုင်းကို Red Bull တစ်ခုတည်းကသာ ဖန်တီးပေးနိုင်တဲ့ စွမ်းအင်၊ အငွေ့အသက်နဲ့ အတွေ့အကြုံတွေကတစ်ဆင့် အားကစားသမားတွေရော ပရိသတ်တွေကိုပါ တစ်သားတည်း ဖြစ်သွားစေဖို့ ရည်ရွယ်ပြီး ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲက ဘယ်လိုပုံစံမျိုး ယှဉ်ပြိုင်ရတာလဲ။

အားကစားသမားများက မီတာ ၄၀၀ အပြေးပြိုင်ပွဲနှင့် ကိုယ်အလေးချိန်အသုံးပြု လေ့ကျင့်ခန်း ၃ ခုကို ပေါင်းစပ်ပြီး အမြန်ဆုံးအချိန်အတွင်း ပြီးဆုံးအောင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ တရားဝင် ပြိုင်ပွဲစည်းမျဉ်းများနှင့် လှုပ်ရှားမှုစံနှုန်းများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ သို့မဟုတ် အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက 'Red Bull Power Race ဆိုတာ ဘာလဲ' စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဘယ်လိုပုံစံနဲ့ အရည်အချင်းစစ်ဆေးမှာလဲ။

အဆင့် (၁) – အုပ်စုလိုက် အကြိတ်အနယ် ယှဉ်ပြိုင်ခြင်း အားကစားသမား အားလုံးသည် အကြမ်းဖျင်းအားဖြင့် ၁၀ ဦးမှ ၂၅ ဦးခန့် ပါဝင်သော အရည်အချင်းစစ် အုပ်စုမျာ;မှ စတင်ယှဉ်ပြိုင်ရပါမည်။အမျိုးသားနှင့် အမျိုးသမီးများကို သီးခြားစီ ခွဲခြားပြီး ယှဉ်ပြိုင်စေမှာပါ။ အုပ်စုတစ်ခုချင်းစီတွင် ပြိုင်ပွဲဝင်အားလုံး တစ်ပြိုင်နက် တာထွက်ရမည့် ပုံစံကို အသုံးပြုမှာဖြစ်ပါတယ်။ပန်းဝင်သည့် တရားဝင် အချိန်မှတ်တမ်းပေါ် မူတည်ပြီး အဆင့်သတ်မှတ်ချက်နှင့် အမျိုးသားအဆင့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်တို့ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ဒါကြာင့် စက္ကန့်တိုင်းက အရေးကြီးပါတယ်။ အဆင့် (၂) – အမျိုးသားအဆင့် ဗိုလ်လုပွဲ အမြန်ဆုံး အားကစားသမားများဟာ ပြိုင်ပွဲနေ့ရဲ့ နောက်ပိုင်းအချိန်မှာ ဆက်လက်ကျင်းပမယ့် အမျိုးသားအဆင့် ဗိုလ်လုပွဲသို့ တက်လှမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။ အရည်အချင်းပြည့်မီမှုကို အောက်ပါအတိုင်း သတ်မှတ် ဆုံးဖြတ်မှာပါ -အရည်အချင်းစစ် အုပ်စု တစ်ခုချင်းစီရဲ့ ပထမရရှိသူများ အားလုံးက နောက်တစ်ဆင့်သို့ အလိုအလျောက် တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ််။ကျန်ရှိတဲ့ နေရာများကို အုပ်စုအားလုံးထဲတွင် အချိန်မှတ်တမ်း အကောင်းဆုံး ရရှိကြသည့် အားကစားသမားများကို ထပ်မံရွေးချယ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။အမျိုးသားအဆင့် ဗိုလ်လုပွဲပြိုင်ပွဲဟာ အဆိုပါ ပွဲစဉ်တစ်ခုလုံးရဲ့ တရားဝင် အနိုင်ရရှိသူများနှင့် အဆင့်သတ်မှတ်ချက်များကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။အမျိုးသမီး ထိပ်သီး ၁၂ ဦးနှင့် အမျိုးသား ထိပ်သီး ၁၂ ဦးတို့ဟာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဘန်ကောက်မြို့၌ ကျင်းပမည့် နိုင်ငံတကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဆင့် (၃) – နိုင်ငံတကာ နောက်ဆုံးဗိုလ်လုပွဲ အမျိုးသားအဆင့် ပြိုင်ပွဲတစ်ခုချင်းစီမှ အမျိုးသမီး ထိပ်သီး ၁၂ ဦးနှင့် အမျိုးသား ထိပ်သီး ၁၂ ဦးတို့ဟာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် နိုင်ငံတကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဆုပ်ကိုင်နိုင်မည့် အခွင့်အရေးကောင်းများက- မိမိဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ခွင့်ရခြင်း၊အရှေ့တောင်အာရှတစ်ခွင်မှ အတော်ဆုံး အားကစားသမားများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်ခွင့်ရခြင်း၊သမိုင်းတစ်လျှောက် ပထမဆုံးသော Red Bull Power Race နိုင်ငံတကာ ချန်ပီယံ ဖြစ်လာနိုင်ခြင်း၊မိမိအဖွဲ့အား သမိုင်းတစ်လျှောက် ပထမဆုံးသော Red Bull Power Race အမျိုးသား/အမျိုးသမီး ပူးတွဲအသင်းလိုက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခြင်း။

ဘယ််လို စာရင်းပေးရမလဲ။

စတင်ဖို့က လွယ်ကူပါတယ်။ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲကို ရွေးချယ်ပြီး စာရင်းပေးသွင်းကာ တာထွက်မျဉ်းပေါ်မှာ သင့်နေရာကို အမြန်ဆုံး ရယူလိုက်ပါ။ လူဦးရေကန့်သတ်ချက် ရှိတာမို့လို့ အချိန်အကြာကြီး မစောင့်ပါနဲ့။

အခြား အထူးသီးသန့် ကိရိယာတွေ လိုအပ်ပါသလား။

Red Bull Power Race ကို ထူးခြားထင်ရှားစေတဲ့ အချက်တွေထဲကတစ်ခုကတော့ ရိုးရှင်းမှုပဲ ဖြစ်ပါတယ်။ လူသားတို့ရဲ့ အခြေခံကျတဲ့ လှုပ်ရှားမှုတွေအပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာကြောင့် အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ လေ့ကျင့်ခန်းတွေနဲ့ အပြေးပြိုင်ခြင်းကိုသာ အသုံးပြုထားပါတယ်။ ဒါကြောင့် လေ့လာမှတ်သားရမယ့် ရှုပ်ထွေးတဲ့ နည်းစနစ်တွေ ဒါမှမဟုတ် ကျွမ်းကျင်အောင်လေ့ကျင့်ရမယ့် အထူးသီးသန့် ကိရိယာတွေ မလိုအပ်ပါဘူး။ သင်နဲ့ ကိုက်ညီမယ့် အားကစားဝတ်စုံ၊ အပြေးဖိနပ်တစ်စုံနဲ့ သင့်ရဲ့ အစွမ်းကုန် ကြိုးစားချင်တဲ့ စိတ်ဓာတ်ကိုပဲ ယူဆောင်လာခဲ့ပါ။ ပြိုင်ပွဲနေ့မှာ သင့်အတွက် တကယ်လိုအပ်မှာကတော့ ဖိအားတွေကြားထဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်မယ့် အရည်အချင်းနဲ့ ဆက်တိုက် ရုန်းကန်လှုပ်ရှားနိုင်မယ့် စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

ဝင်ကြေး။

မှတ်ပုံတင်ခြင်း၊ စျေးနှုန်းနှင့် ပါဝင်တဲ့ နောက်ဆုံးအချက်အလက်များကို ဒေသဆိုင်ရာ ပြိုင်ပွဲ စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ။

ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို ဘယ်မှာရှာနိုင်မလဲ။

ပွဲစာမျက်နှာတစ်ခုချင်းစီမှာ ပြိုင်ပွဲနေ့မတိုင်မီ သိရှိထားရမည့် အစီအစဉ်များ၊ ကျင်းပမည့်နေရာ အသေးစိတ်အချက်အလက်များ၊ ယာဉ်ရပ်နားရန်နေရာနှင့် ပါဝင်ယှဉ်ပြိုင်သူများအတွက် အရေးကြီးသော နောက်ဆုံးရသတင်းများ အားလုံး ပါဝင်ပါတယ်။ ပြက္ခဒိန်ကို ကြည့်ရှုပြီး လူကြီးမင်း ယှဉ်ပြိုင်လိုသည့် ပြိုင်ပွဲကို ရွေးချယ်လိုက်ပါ။

ဘယ်လိုပြင်ဆင်ရမလဲ။

ပုံမှန် အပြေးလေ့ကျင့်ခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်သုံး လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းက အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို ရရှိဖို့ ကူညီပေးပါလိမ့်မယ်။ ပြိုင်ပွဲနေ့ မတိုင်မီ ရက်သတ္တပတ်တွေမှာ ကြံ့ခိုင်မှု ၊ ခွန်အားနဲ့ ပုံမှန်မပျက် လေ့ကျင့်မှုရှိစေဖို့ အဓိကထား အာရုံစိုက်ပါ။ ဒိုက်ထိုးခြင်း ၊ အိပ်ထမတင်လုပ်ခြင်း ၊ ထိုင်ထလုပ်ခြင်း စတဲ့လေ့ကျင့်ခန်းတွေနဲ့အတူ အပြေးလေ့ကျင့်မှုကိုပါ တွဲဖက်လေ့ကျင့်ပေးခြင်းက ပြိုင်ပွဲရဲ့လိုအပ်ချက်တွေကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုအ၀တ်အစားမျိုး၀တ်ဆင်သင့်လဲ။

လေ့ကျင့်ခန်းလုပ်ဖို့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေနဲ့ အပြေးဖိနပ်တွေကို မဖြစ်မနေ ဝတ်ဆင်ရပါမယ်။ လမ်းကြောင်းတစ်ခုလုံးမှာ လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားနိုင်ပြီး အပြေးပြိုင်ပွဲနဲ့ ခန္ဓာကိုယ်အလေးချိန်သုံး လေ့ကျင့်ခန်း နှစ်ခုစလုံးအတွက် အဆင်ပြေစေမယ့် အဝတ်အစားမျိုးကို ရွေးချယ်ပါ။ သင့်တော်ကောင်းမွန်တဲ့ အပြေးဖိနပ်များကို မဖြစ်မနေ ဝတ်ဆင်ရပါမယ်။ သံမှိုပါသော ဖိနပ်များ (Spiked shoes) နဲ့ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဖိနပ်မျိုး ဝတ်ဆင်ခြင်းကို ခွင့်မပြုပါ။

အချိန်ကို ဘယ်လိုမှတ်တမ်းတင်မလဲ။

ပြိုင်ပွဲဝင် အားလုံးဟာ လမ်းကြောင်းတစ်ခုလုံးမှာ မိမိတို့ စွမ်းဆောင်ခဲ့တဲ့ ရလဒ်အပေါ် မူတည်ပြီး တရားဝင် ပြိုင်ပွဲဝင် အချိန်မှတ်တမ်းတစ်ခုကို ရရှိမှာဖြစ်ပါတယ်။

ပရိသတ်များ လာရောက်ကြည့်ရှုနိုင်ပါသလား။

စိတ်ချလက်ချ လာရောက်နိုင်ပါတယိ။ Red Bull Power Race ကို ပြိုင်ပွဲဝင်သူရော ကြည့်ရှုသူပါ နှစ်သက်သဘောကျစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပြိုင်ပွဲနေ့ရဲ့ အငွေ့အသက်တွေကို ခံစားဖို့ ၊ အားကစားသမားတွေကို အားပေးဖို့နဲ့ အပြေးပြိုင်ပွဲတိုင်း ၊ စိန်ခေါ်မှုတိုင်းနဲ့ ပန်းဝင်တဲ့ အခိုက်အတန့်တိုင်းကို မျက်ဝါးထင်ထင် စောင့်ကြည့်နိုင်ဖို့ သင့်ရဲ့ သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ အားပေးမယ့်သူတွေကို ခေါ်ဆောင်လာခဲ့ပါ။ တက်ကြွလှုပ်ရှားမှုတွေ ၊ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့အတူ Red Bull ကသာ ဖန်တီးပေးနိုင်တဲ့ ထူးခြားဆန်းသစ်တဲ့ ပွဲစဉ်အတွေ့အကြုံကို မျှော်လင့်စောင့်စားလိုက်ပါ။

တရားဝင် စည်းမျဉ်းတွေကို ဘယ်မှာ ကြည့်လို့ရပါသလဲ။

တရားဝင် ပြိုင်ပွဲစည်းမျဉ်းတွေနဲ့ လှုပ်ရှားမှုဆိုင်ရာ စံနှုန်းတွေကို​ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါမှမဟုတ် အချက်အလက်တွေ ထပ်မံသိရှိလိုပါက “Red Bull Power Race ဆိုတာ ဘာလဲ” ဆိုတဲ့ စာမျက်နှာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ပြိုင်ပွဲအတွင်း ခဏရပ်ပြီး နားလို့ရပါသလား။

ရပါတယ်။ အားကစားသမားတွေဟာ လေ့ကျင့်ခန်းစခန်းတစ်ခုခုမှာ မည်သည့်အချိန်မဆို ခဏရပ်နားခြင်း ဒါမှမဟုတ် အနားယူခြင်း ပြုလုပ်နိုင်ပါတယ္။ တကယ်တော့ ကိုယ့်အရှိန်ကို ထိန်းညှိခြင်းနဲ့ နည်းဗျူဟာကောင်းကောင်းအသုံးပြုခြင်းဟာ သင့်စွမ်းဆောင်ရည်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်နိုင်ပါတယ်။ အချို့သော အားကစားသမားတွေဟာ မောပန်းနွမ်းနယ်မှုကို ထိန်းချုပ်ဖို့နဲ့ မှန်ကန်တဲ့ လှုပ်ရှားမှုပုံစံကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လေ့ကျင့်ခန်းတွေကို အကြိမ်အရေအတွက် အနည်းငယ်စီ ခွဲပြီး ပြုလုပ်ဖို့ ရွေးချယ်ကြပါတယ်။ သို့ပေမဲ့ ပြိုင်ပွဲရဲ့ အချိန်နာရီကတော့ ရပ်တန့်သွားမှာ မဟုတ်ပါ။ အနားယူဖို့ အသုံးပြုလိုက်တဲ့ စက္ကန့်တိုင်းဟာ သင့်ရဲ့ နောက်ဆုံးပန်းဝင်ချိန်ထဲကို ပေါင်းထည့်သွားမှာဖြစ်တာကြောင့် အမြန်နှုန်း ၊ အရှိန်ထိန်းခြင်းနဲ့ ပြန်လည်အားဖြည့်မှုတို့ကြား မှန်ကန်တဲ့ မျှခြေကို ရှာဖွေခြင်းဟာလည်း ဒီပြိုင်ပွဲရဲ့ စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။

ပြိုင်ပွဲအတွင်း နားကြပ်၀တ်ဆင်လို့ရပါသလား။

ပြိုင်ပွဲအတွင်း နားကြပ်တွေနဲ့ အလားတူ အသံဖမ်း/အသံနားထောင်တဲ့ ကိရိယာများ တပ်ဆင်ခွင့် မပြုပါ။ Red Bull Power Race ရဲ့ အတွေ့အကြုံ အစိတ်အပိုင်းတစ်ခုမှာ ပြိုင်ပွဲရဲ့အငွေ့အသက်တွေမှာ အပြည့်အဝ စီးမျောခံစားဖို့ ၊ အချိန်ရေတွက်သံတွေ ၊ ပရိသတ်တွေရဲ့ အားပေးသံတွေ ၊ ပြိုင်ပွဲဝင် အချင်းချင်း အားပေးစကားပြောသံတွေနဲ့ သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေမယ့် ပြိုင်ပွဲနေ့ရဲ့ တက်ကြွလှုပ်ရှားဖွယ် စွမ်းအင်တွေကို အပြည့်အဝ ခံစားရရှိစေဖို့ ဖြစ်ပါတယ်။

ပြိုင်ပွဲနေ့မှာ ဘာတွေယူဆောင်လာသင့်လဲ။

ဒီပစ္စည်းတွေကို ယူဆောင်လာဖို့ အကြံပြုပါတယ်။ - လေ့ကျင့်ခန်းလုပ်ဖို့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားများ - အပြေးဖိနပ် - ရေဗူး - လဲလှယ်ရန် အဝတ်အစားတစ်စုံ - တစ်နေ့တာလုံး လိုအပ်နိုင်မယ့် မုန့်နဲ့ အစားအစာများ အရေးအကြီးဆုံးအရာကတော့ အကောင်းမြင်စိတ်ထားကို ယူဆောင်လာပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေခြင်း ဖြစ်ပါတယ်။

အကယ်၍ ဒိုင်လူကြီးက သင့်လေ့ကျင့်ခန်းတစ်ကြိမ်ကို မရေတွက်ရင် ဘာဖြစ်မလဲ။

တရားဝင် သတ်မှတ်ထားတဲ့ လှုပ်ရှားမှုစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အကြိမ်အရေအတွက်တွေကိုသာ အမှတ်အဖြစ် ရေတွက်မှာဖြစ်ပါတယ်။ အကယ်၍ ပြုလုပ်လိုက်တဲ့ အကြိမ်ဟာ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ မကိုက်ညီပါက အားကစားသမားတွေဟာ နောက်ထပ် အပိုတစ်ကြိမ်ကို ပြန်လည်လုပ်ဆောင်ပြီးမှသာ ပြိုင်ပွဲကို ဆက်လက်ယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

ပြိုင်ပွဲလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုကို မကျော်ဖြတ်နိုင်ရင် ဘာဖြစ်မလဲ။

အားကစားသမားတွေဟာ ပြိုင်ပွဲလမ်းကြောင်းတစ်ခုလုံးနဲ့ ပြိုင်ပွဲအဆင့်အားလုံးကို သတ်မှတ်ထားတဲ့ အစဉ်အတိုင်း အပြည့်အဝ ပြီးမြောက်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုကို လွဲချော်ရင် ဒါမှမဟုတ် ပြိုင်ပွဲအဆင့်တစ်ခုကို ပြီးမြောက်အောင် မပြုလုပ်နိုင်ရင် ပြိုင်ပွဲမှ ထုတ်ပယ်ခံရခြင်း (Disqualification) အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

တရားဝင် ပြိုင်ပွဲဝင် အချိန်မှတ်တမ်း ရရှိပါမည်လား။

အားကစားသမားတိုင်းဟာ တရားဝင် ပြိုင်ပွဲဝင် အချိန်မှတ်တမ်းတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ သင်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး စံချိန်ဟောင်းကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာဖြစ်စေ ၊ သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင်နေတာဖြစ်စေ ဒါမှမဟုတ် နိုင်ငံတော်အဆင့် ဗိုလ်လုပွဲ (National Showdown) ကို တက်ရောက်ရန် ရည်မှန်းထားတာဖြစ်စေ စက္ကန့်တိုင်းက အရေးကြီးပါတယ်။

ပြိုင်ပွဲဝင် နံပါတ်ပြားချိတ်ဆွဲထားဖို့ လိုအပ်ပါသလား။

ပြိုင်ပွဲဝင် အားကစားသမား အားလုံးဟာ ပြိုင်ပွဲအတွင်း မိမိတို့ရဲ့ တရားဝင် ပြိုင်ပွဲဝင် နံပါတ်ပြားနဲ့ အချိန်မှတ် Smart Chio တို့ကို မဖြစ်မနေ ဝတ်ဆင်ထားရပါမယ်။ ပြိုင်ပွဲဝင် နံပါတ်ပြားကို သင့်ရဲ့အင်္ကျီအရှေ့ဘက်မှာ ချိတ်ဆွဲထားရမှာဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက်လုံး ရှင်းလင်းစွာ မြင်သာနေစေရမှာ ဖြစ်ပါတယ်။

လှုပ်ရှားမှုဆိုင်ရာ စံနှုန်းတွေကို ဘယ်မှာ လေ့လာလို့ရပါသလဲ။

ဒိုက်ထိုးခြင်း ၊ အိပ်ထမတင်ပြုလုပ်ခြင်းနဲ့ ထိုင်ထပြုလုပ်ခြင်းတို့အတွက် လှုပ်ရှားမှုဆိုင်ရာ စံနှုန်းတွေကို “ပြိုင်ပွဲပုံစံ” စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်သလို တရားဝင် “ပြိုင်ပွဲစည်းမျဉ်းများ” မှာလည်း လေ့လာနိုင်ပါတယ်။

နားကြပ် တပ်ဆင်ခွင့် ပြုပါသလား။

ပြိုင်ပွဲအတွင်း နားကြပ်များနဲ့ အလားတူ အသံဖမ်း/အသံနားထောင်တဲ့ ကိရိယာများ တပ်ဆင်ခွင့် မပြုပါ။