
Sigurd Meiche
RED BULL NEXT GENERATION PROGRAM DIRECTOR


Red Bull Next Generation သည် တိုးတက်နေတဲ့ အားကစားသမားများအတွက် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တစ်ခုဖြစ်ပြီး ကျွမ်းကျင်သူများ၏ လမ်းညွှန်မှု ၊ အမှန်တကယ် အထောက်အပံ့များနှင့် Red Bull ၏ ပံ့ပိုးမှုများကို ပေါင်းစပ်ထားပါသည်။
ဤအစီအစဉ်တွင် အားကစားစွမ်းဆောင်ရည် ၊ အဟာရ၊ ပြန်လည်ကောင်းမွန်မှု ၊ စိတ်ပိုင်းဆိုင်ရာ ၊ မီဒီယာနှင့် ကိုယ်ပိုင်အမှတ်တံဆိပ် စသည့် ကဏ္ဍများအတွက် လမ်းညွှန်မှုနှင့် အထောက်အပံ့များကို ရရှိနိုင်ပါသည်။ Workshop များနှင့် Mentor များ၏ အကူအညီမှတစ်ဆင့် အားကစားသမားများသည် မိမိတို့၏ အားကစားနှင့် နေ့စဉ်ဖွံ့ဖြိုးတိုးတက်မှုတွင် တိုက်ရိုက်အသုံးချနိုင်သော လက်တွေ့ကျသင်ခန်းစာများနှင့် အကြံဉာဏ်များကို ရရှိပါမည်။
သင်သည် အောင်မြင်သော အားကစားသမားဖြစ်ရန် မလိုအပ်ပါ။ ဒေသအဆင့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေသူဖြစ်စေ ၊ သင့်အားကစားတွင် နေရာတစ်ခုရအောင်ကြိုးစားနေသူဖြစ်စေ သင့်ရဲ့အရည်အချင်းကို သင်သိရှိထားပြီးဖြစ်ပါသည်။ ဤအစီအစဉ်သည် အလားအလာရှိသော အားကစားသမားများကို ပံ့ပိုးပေးခြင်းဖြစ်ပြီး သင်သည် ဆက်လက်တည်ဆောက်နေစဉ်နှင့် နောက်တစ်ဆင့်ကို ပုံဖော်နေစဉ်တွင် အထောက်အပံ့ပေးရန် ရည်ရွယ်ထားပါသည်။
သင်သည် နောက်တစ်ဆင့်သို့တက်လှမ်းရန် အသင့်ဖြစ်ပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ရန် ကြိုဆိုပါသည်။ သို့မဟုတ် Red Bull Next Generation အစီအစဉ်တွင် ပါဝင်သင့်သော အားကစားသမားတစ်ဦးထံ ဤအချက်အလက်ကို မျှဝေပေးပါ။

ရလဒ်များနဲ့ ဆုံးဖြတ်မှာမဟုတ်ဘဲ သင့်ရဲ့ အားကစားကို ဘယ်လိုချဉ်းကပ်သလဲဆိုတာနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။
သင်က တိုးတက်လာချင်စိတ်ရှိသူတစ်ယောက်ပါ။ သင်သည် အမြဲတမ်း ပုံမှန်လေ့ကျင့်နေသူဖြစ်ကာ ပိုမိုကောင်းမွန်လာနိုင်မယ့် နည်းလမ်းတွေကို အမြဲရှာဖွေနေသူဖြစ်ပါတယ်။ သင်သည် သင့်အားကစားကို အလေးအနက်ထားပြီး သင်သည် ဆက်လက်သင်ယူနေဆဲ ၊ တည်ဆောက်နေဆဲ ၊ နောက်တစ်ဆင့်ကို ရောက်ရှိရန် ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပါသည်။
ချန်ပီယံဆုများ ရရှိထားရန် မလိုအပ်ပါဘူး။ အလုပ်ကို အားစိုက်ထုတ်လုပ်ဆောင်လိုစိတ်ရှိပြီး သင်ဘယ်လောက်ထိ ရောက်နိုင်မလဲဆိုတာကို ကြိုးစားကြည့်လိုစိတ်ရှိရုံသာ လိုအပ်ပါတယ်။
သင်သည် မလေးရှား သို့မဟုတ် အင်ဒိုနီးရှား အားကစားသမားတစ်ဦးဖြစ်ပြီး အထက်ပါအချက်တွေနဲ့ကိုက်ညီသူဖြစ်ပါက ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။

အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း
အင်ဒိုနီးရှား သို့မဟုတ် မလေးရှားနိုင်ငံသား
Red Bull Next Generation သည် E-sports အပါအဝင် အားကစားအမျိုးအစားနှင့် စည်းမျဉ်းမျိုးစုံရှိသော အားကစားသမားများထံမှ လျှောက်လွှာများကို လက်ခံပါသည်။ သင်သည် အောင်မြင်သော အားကစားသမားတစ်ဦးဖြစ်ရန် မလိုအပ်ပါ။ သင့်မြို့တွင် လူသိများလာနေသူဖြစ်နိုင်သည်။ ဒေသအဆင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေသူဖြစ်နိုင်သည် သို့မဟုတ် သင့်အားကစားတွင် တိုးတက်မှုများ စတင်ရရှိနေသူဖြစ်နိုင်ပါသည်။
ဤအစီအစဉ်သည် အမျိုးသားနှင့် အမျိုးသမီး အားကစားသမားများအားလုံးအတွက် ဖွင့်လှစ်ထားပြီး တစ်ဦးချင်းယှဉ်ပြိုင်သူများဖြစ်စေ ၊ အသင်းလိုက်ပါဝင်သူများဖြစ်စေ ၊ သက်တမ်းရှိသော အားကစားများတွင်ဖြစ်စေ သို့မဟုတ် ဒေသတွင်း အသစ်ထွက်ပေါ်လာသော အားကစားပုံစံများတွင်ဖြစ်စေ ပါဝင်နိုင်ပါသည်။
Red Bull Next Generation ကို ပထမဆုံးအနေဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားတွင် စတင်မိတ်ဆက်မည်ဖြစ်ပြီး ထိုနိုင်ငံနှစ်ခုတွင် ထူးချွန်သော အားကစားအရည်အချင်းသစ်များနှင့် ခိုင်မာသော အားကစားအသိုင်းအဝိုင်းများရှိပါသည်။ ဒေသအတွင်းမှ စတင်ခြင်းသည် အစီအစဉ်အား စတင်ချိန်မှစ၍ သင့်လျော်သော အထောက်အပံ့ ၊ လမ်းညွှန်မှုနှင့် အခွင့်အလမ်းများကို ပေးနိုင်စေပြီး အနာဂတ်တွင် အရှေ့တောင်အာရှတစ်လွှားရှိ နိုင်ငံများသို့ တိုးချဲ့ရန် အစီအစဉ်ရှိပါသည်။
Red Bull Next Gen အားကစားသမားတစ်ဦးအနေဖြင့် သင်သည် ပိုမိုကြီးမားသော စင်မြင့်တစ်ခုသို့ လှမ်းတက်ရမည်ဖြစ်ပြီ သင့်ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းနေစဉ်တွင် အားကစားလောကအတွင်း နာမည်အကြီးဆုံးအမှတ်တံဆိပ်များထဲမှ တစ်ခု၏ ပံ့ပိုးမှုကို ရရှိမည်ဖြစ်ပါသည်။
သင်သည် ရွေးချယ်ထားသော အားကစားသမားအုပ်စုတစ်စု၏ အဖွဲ့ဝင်ဖြစ်လာမည်ဖြစ်ပြီး အားလုံးသည် တိုးတက်ရန် ဆက်လက်ကြိုးစားနေကာ အချင်းချင်းထံမှ သင်ယူရင်း ရှေ့ဆက်သွားကြမည်ဖြစ်ပါသည်။
နှစ်တစ်နှစ်အတွင်း သင်သည် စွမ်းဆောင်ရည် ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ပြန်လည်ကောင်းမွန်မှု အတွက် လမ်းညွှန်မှုများကို ရရှိမည်ဖြစ်ပြီး သင်၏ လေ့ကျင့်ရေး ၊ ပြိုင်ပွဲဝင်မှုနှင့် သင့်အားကစားအပေါ် အာရုံစိုက်နိုင်ရန် လက်တွေ့ကျသော အထောက်အပံ့များလည်း ပါဝင်မည်ဖြစ်ပါသည်။ ထို့အပြင် Workshop များ၊ Session များနှင့် နှစ်တစ်နှစ်အတွင်း အရေးပါတဲ့ အချိန်များတွင် ပါဝင်ရမည်ဖြစ်ပြီး သင့်အားကစားတွင် တိုက်ရိုက်အသုံးချနိုင်သော ဆက်လက်ထောက်ပံ့မှုများလည်း ရရှိမည်ဖြစ်ပါသည်။
ဤအစီအစဉ်ကို သင့်ရဲ့ လေ့ကျင့်ရေး ၊ ပြိုင်ပွဲများနှင့် နေ့စဉ်ဘဝနှင့် ကိုက်ညီအောင် ဒီဇိုင်းရေးဆွဲထားပါသည်။
ဒါဟာ ချက်ချင်းကြီးအောင်မြင်စေတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ သင့်ကို ပိုမိုရှေ့တိုးနိုင်ရန် လိုအပ်သော အထောက်အပံ့ကို ကူညီပေးခြင်း ဖြစ်ပါသည်။


Red Bull Next Generation အားကစားသမားတိုင်း၏ လမ်းကြောင်းသည် မတူညီကြသောကြောင့် ဤအစီအစဉ်ကို သင့်အားကစား ၊ သင့်ရည်မှန်းချက်များနှင့် သင့်တိုးတက်မှုအတွက် အကူအညီအများဆုံးဖြစ်မည့်အရာများကို အခြေခံ၍ ဒီဇိုင်းရေးဆွဲထားပါသည်။
သီးသန့် Workshop များ ၊ ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုနှင့် Red Bull Next Generation မှ လက်တွေ့ကျ အထောက်အပံ့များမှတစ်ဆင့် သင်သည် ကွင်းတွင်းသာမက ကွင်းပြင်တွင်ပါ ချက်ချင်းအသုံးချနိုင်သော လမ်းညွှန်မှုများကို ရရှိမည်ဖြစ်ပါသည်။
ပိုမိုကောင်းမွန်စွာ လေ့ကျင့်ပါ ၊ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကိုပြသပါ စိတ်ပိုင်းဆိုင်ရာ ခွန်အား ၊ အာရုံစိုက်နိုင်စွမ်းမှစ၍ အဟာရနှင့် ပြန်လည်ကောင်းမွန်မှုအထိ စွမ်းဆောင်ရည်ကို တိုးတက်စေမည့် အခြေခံများကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ချက်ချင်းအသုံးချနိုင်သော လမ်းညွှန်မှုများကို ရရှိပါမည်။
သင့်အားကစားသမားပုံရိပ်ကို တည်ဆောက်ပါ သင်၏ အားကစားသမားအဖြစ် ပေါ်လွင်လာပုံကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ဇာတ်လမ်းပြောပြခြင်းမှစ၍ အကြောင်းအရာနှင့် မီဒီယာများတွင် သင်ကိုယ်တိုင်ကို မည်သို့တင်ပြမည်ဆိုသည်အထိ ဖွံ့ဖြိုးတိုးတက်နိုင်ပါသည်။
Red Bull အဖွဲ့ဝင်တစ်ဦး ဖြစ်လာပါ အလားတူအဆင့်တွင် တိုးတက်ရန် ကြိုးစားနေသော ရွေးချယ်ထားသည့် အားကစားသမားအုပ်စုတစ်စုတွင် ပါဝင်နိုင်ပြီး Red Bull မှ ပံ့ပိုးထားသော အစီအစဉ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာမည်ဖြစ်ကာ အသိအမှတ်ပြုမှုများကိုလည်း ရရှိမည်ဖြစ်ပါသည်။
ကျွမ်းကျင်သူများ၏ အထောက်အပံ့ကို ရယူပါ သင့်ရဲ့ လေ့ကျင့်ရေး ၊ ပြိုင်ပွဲဝင်မှုနှင့် သင့်အားကစား၏ လိုအပ်ချက်များကို စီမံခန့်ခွဲနိုင်ရန် လက်တွေ့ကျ အထောက်အပံ့များကို ရယူနိုင်ပြီး သင်၏ တိုးတက်မှုအပေါ် အာရုံစိုက်နိုင်မည်ဖြစ်ပါသည်။
လျှောက်လွှာတစ်ခုချင်းစီကို Red Bull အဖွဲ့မှ သေချာစွာ စစ်ဆေးပြီး သုံးသပ်ကာ ရွေးချယ်သွားမည် ဖြစ်ပါသည်။
နေရာအရေအတွက် အကန့်အသတ်ရှိသောကြောင့် ဤအစီအစဉ်နှင့် ကိုက်ညီမည့် အားကစားသမားများကို ရွေးချယ်ရန် အချိန်ယူ၍ သေချာစွာ ဆောင်ရွက်ပါမည်။
ပဏာမအဆင့်ရွေးချယ်ခံရပါက သင့်အကြောင်းနှင့် သင့်ခရီးစဉ်အကြောင်းကို ပိုမိုသိရှိနိုင်ရန် ကျွန်ုပ်တို့က တိုက်ရိုက် ဆက်သွယ်မည်ဖြစ်ပါသည်။
ထိုမှတဆင့် ရွေးချယ်ခံရသော အားကစားသမားများကို အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ပြီး Red Bull Next Gen ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်ပါသည်။

သင်သည် အားကစားကဏ္ဍအမျိုးမျိုးမှ ကျွမ်းကျင်သူများ၏ အထောက်အပံ့ကို ရရှိမည်ဖြစ်ပြီး၊၏ ၎င်းတို့သည် အဆင့်အမျိုးမျိုးရှိ အားကစားသမားများနှင့် လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံရှိသူများဖြစ်ပါသည်။ ၎င်းတို့သည် တိုးတက်ရန် လိုအပ်သောအရာများကို နားလည်ပြီး သင့်ခရီးတစ်လျှောက်တွင် သင့်ကို မည်သို့အထောက်အပံ့ပေးရမည်ကိုလည်း သိရှိထားကြပါသည်။