
RED BULL NEXT GENERATION
Red Bull Next Generation နှင့်ပတ်သက်ပြီး သတ်မှတ်ချက်များမှစ၍ အသေးစိတ်အကြောင်းအရာများအပါအ၀င် အမေးများသော မေးခွန်းများကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
သင်ဟာ အားကစားကိုချစ်မြတ်နိုးသူတစ်ယောက်လား? စဥ်ဆက်မပြတ်လေ့ကျင့်နေပြီး တိုးတက်လိုစိတ်ရှိသူတစ်ယောက်လား? နောက်ထပ်ပိုမြင့်တဲ့ Level တစ်ခုကို တက်နိုင်မယ်လို့ ယုံကြည်ချက်ရှိသူတစ်ယောက်လား? ဒါဆိုရင်တော့ သင့်အတွက်အခွင့်အရေးကြီးတစ်ခုရှိပါတယ်။ Red Bull Next Generation က အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အားကစားကိုချစ်မြတ်နိုးပြီး တိုးတက်ဖို့အတွက် စိတ်နှစ်ထားသူတိုင်းကို ကြိုဆိုပါတယ်။ နိုင်ငံတော်အဆင့်ပြိုင်ပွဲတွေ နဲ့ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွေမှာယှဥ်ပြိုင်နေသည်ဖြစ်စေ ၊ အခုမှ သင့်ရဲ့နာမည်ဂုဏ်သတင်းကို စတည်ဆောက်နေသူဖြစ်စေ အရေးမကြီးပါဘူး။ အရေးကြီးတာက သင်ဟာ အစဥ်အမြဲကြိုးစားနေပြီး တိုးတက်လိုစိတ်ရှိဖို့ပါပဲ။ တစ်ဦးချင်းဖြစ်စေ ၊အဖွဲ့လိုက်ဖြစ်စေ သင်ဟာ မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားလိုစိတ်ရှိပြီး မျိုးဆက်သစ် အားကစားသမားတစ်ဦးအဖြစ် ပါဝင်လိုတယ်ဆိုရင်တော့ ကျား/မ မရွေး လျှောက်ထားနိုင်ပါတယ်။ ဤအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါ၀င်မည့်အားကစားသမားများသည် Red Bull ထုတ်ကုန်များကို သုံးစွဲရန်နှင့် ထိုထုတ်ကုန်များပါဝင်သည့် အကြောင်းအရာများတွင် ပါ၀င်ရိုက်ကူးရန် အဆင်ပြေသူဖြစ်ရပါမည်။
သတ်မှတ်ထားတဲ့ အသက်အရွယ်ထက် ကျော်နေရင်လည်း သင့်ကို မဖြစ်မနေလျှောက်ထားဖို့တိုက်တွန်းပါတယ်။ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းလို့သတ်မှတ်ထားပေမဲ့ လျှောက်လွှာအားလုံးကို Red Bull Next Generation အဖွဲ့မှ ကိုယ်တိုင်သေချာစွာ စိစစ်ရွေးချယ်ပြီး အရည်အချင်းရှိသူတွေကို ရှာဖွေနေတာကြောင့် သတ်မှတ်ထားတဲ့ အသက်အရွယ်ထက် ကျော်နေရင်လည်း လျှောက်ထားဖို့မမေ့ပါနဲ့။ ဤအစီအစဉ်ဟာ ဆက်လက်တိုးတက်ကြီးထွားနေသည်နှင့်အမျှ နောင်လာမည့် အစီအစဉ်အသစ်များတွင်လည်း ပါဝင်ခွင့်ရမည့် အခွင့်အရေးများ ရှိလာနိုင်သဖြင့် ယခုကတည်းက လျှောက်ထားတာဟာ မမှားပါဘူး။
လျှောက်ထားဖို့အတွက် အောင်မြင်တဲ့ နာမည်ကြီးအားကစားသမားတစ်ယောက်ဖြစ်ဖို့မလိုပါဘူး။ ကျွန်ုပ်တို့ဟာ အားကစားကိုချစ်မြတ်နိုးပြီး တိုးတက်လိုစိတ်ရှိတဲ့အားကစားသမားတွေနဲ့ ရလဒ်ကောင်းတွေထွက်ပေါ်ဖို့အတွက် စိတ်နှစ်ထားတဲ့ အားကစားသမားတွေကိုရွေးချယ်သွားမှာပါ။ သင်ရရှိထားတဲ့ ဆုတံဆိပ်တွေ ၊ အောင်မြင်မှုတွေထက် သင့်ရဲ့ရည်မှန်းချက် ၊ စိိတ်နေစိတ်ထားနဲ့ သင်ဘယ်လောက်ကြိုးစားနေသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ သင့်ပတ်ဝန်းကျင်မှာ မှန်ကန်တဲ့ ပံ့ပိုးကူညီမှုတွေသာရှိရင် သင်ဘယ်လောက်အထိဖြစ်မြောက်လာနိုင်သလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။
သင်ဟာ ပြေးလမ်းပေါ်မှာဖြစ်စေ ၊ ကွင်းအတွင်းမှာဖြစ်စေ ၊ Gym မှာဖြစ်စေ သို့မဟုတ် အားကစားကွင်းပြင်ပမှာဖြစ်စေ အားကစားဟာ သင့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုရင် သင့်ကို ကျွန်ုပ်တို့ အလိုရှိနေပါတယ်။ Red Bull Next Generation ဟာ အားကစားအမျိုးမျိုးမှ အားကစားသမားများအားလုံးအတွက် ဖွင့်လှစ်ထားပြီးဘယ်လိုကဏ္ဍကမဆို အားကစားသမားအားလုံး ပါဝင်လျှောက်ထားနိုင်ပါတယ်။ လူကြီးမင်းအနေနဲ့ ဘယ်လိုအားကစားမျိုးပဲ ကစားနေပါစေ ၊ ဘယ်အဆင့်မှာပဲ ရောက်နေပါစေ ပိုမိုတိုးတက်အောင်မြင်ဖို့ ဘာတွေလိုအပ်လဲဆိုတာကို ကောင်းကောင်းနားလည်ပြီး လူကြီးမင်းကို ရှေ့ဆက်တက်လှမ်းနိုင်အောင် ကူညီပေးမယ့် အတွေ့အကြုံရှိတဲ့သူတွေ ဝန်းရံပေးထားမှာ ဖြစ်ပါတယ်။
ကူညီပံ့ပိုးပေးမဲ့စပွန်ဆာတွေရှိတာက မတူညီတဲ့ပြောင်းလဲမှုတွေကို ဖန်တီးပေးနိုင်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ Red Bull Next Generation အစီအစဥ်ဟာ သင့်မှာရှိပြီးသား အရည်အချင်းတွေနဲ့ စွမ်းဆောင်ရည်ကို တိုးတက်ဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်။ Energy Drink Category အောက်ကမဟုတ်တဲ့ စပွန်ဆာရှိပြီးသား အားကစားသမားတွေအားလုံးကို ကြိုဆိုပါတယ်။
လျှောက်လွှာအားလုံးကို အားကစားကဏ္ဍအသီးသီးက အားကစားသမားတွေနဲ့ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံရှိတဲ Red Bull Next Generation အဖွဲ့ကနေ သေချာစိစစ်ပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။ ပဏာမအဆင့်အနေနဲ့ ရွေးချယ်ခံရပါက သင့်ရဲ့စိတ်နေစိတ်ထား ၊ သင့်ရဲ့အားကစားသမားဘ၀ခရီးအကြောင်းနဲ့ သင့်ကိုစိတ်ခွန်အားဖြစ်စေတဲ့ အရာတွေအကြောင်းကို ပိုမိုသိရအောင် ဆက်သွယ်သွားမှာဖြစ်ပါတယ်။ သင်ဘယ်လောက်အထိဖြစ်မြောက်နိုင်သလဲဆိုတာ ဘယ်သူမှသေချာမခန့်မှန်းနိုင်ပါဘူး။ ဒါကြောင့် မဖြစ်မနေ လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
သင့်ရဲ့ ဆုတံဆိပ်တွေနဲ့ ရလဒ်တွေကိုကြည့်ရုံနဲ့ ရွေးချယ်သွားမှာမဟုတ်ပါဘူး။ သင့်ကိုဘယ်လိုအရာတွေက စိတ်ခွန်အားဖြစ်စေလဲ ၊ သင့်ရဲ့အားကစားကို ဘယ်လိုတိုးတက်အောင်အမြဲကြိုးစားနေလဲ၊ ဘာရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေလဲ ဆိုတာတွေကို သိရှိဖို့အတွက် လျှောက်လွှာတင်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ သေချာအချိန်ယူထားပါတယ်။ သင်ဘယ်အဆင့်မှာရှိနေတယ်ဆိုတာတင် မဟုတ်ဘဲ သင့်ရဲ့ စိတ်နေစိတ်ထား ၊ အပြုအမူ နဲ့ အားကစားလောကထဲမှာ သင် ဘယ်လိုကိုယ်စားပြုနေတယ် ၊ အနာဂတ်မှာ ဘယ်နေရာကို ရောက်ချင်နေတယ်ဆိုတာကိုလည်း သေချာလေ့လာပါတယ်။ လျှောက်လွှာတစ်ခုချင်းစီကို သေချာစွာ စိစစ်ပြီး ဒီအစီအစဉ်ကနေ အကျိုးအမြတ်ရရှိနိုင်မယ့် အားကစားသမားတွေ ၊ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းမှာ ကျွန်တော်တို့က ထောက်ပံ့အားပေးပြီး အတူရပ်တည်ပေးနိုင်မယ့်သူတွေကို ရွေးချယ်သွားမှာပါ။
Red Bull Next Generation ဟာ အခုမှ စတင်မိတ်ဆက်တဲ့ အစီအစဉ်အသစ်တစ်ခုဖြစ်ပြီး ပထမအဆင့်အနေနဲ့ ရွေးချယ်ထားတဲ့ နိုင်ငံအချို့မှာ စတင်အကောင်အထည်ဖော်နေပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ထူးချွန်တဲ့ အရည်အချင်းရှိတဲ့ အားကစားသမားတွေ များစွာရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပြီး အဲဒီအရည်အချင်းတွေကို ရှာဖွေဖော်ထုတ်ပြီး ထောက်ပံ့အားပေးကာ ပိုမိုတိုးတက်အောင် ကူညီပေးဖို့ စိတ်လှုပ်ရှားနေပါတယ်။ ဒီနိုင်ငံတွေကနေ စတင်ခြင်းက အစီအစဉ်ကို ဒေသအလိုက် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို သေချာစနစ်တကျ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ အစပဲ ဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ဒီအစီအစဉ်ကို အခြားသောဒေသများစွာထဲကိုတိုးချဲ့သွားဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။
သင် လက်ရှိရောက်နေတဲ့အဆင့်ကနေ သင့်ကို နောက်တစ်ဆင့် တိုးတက်စေမယ့် လိုအပ်ချက်တွေကို အခြေခံပြီး ပံ့ပိုးမှုတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တစ်လျှောက်လုံးမှာ စွမ်းဆောင်ရည် ၊ အဟာရ ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ မီဒီယာကဏ္ဍတွေက ကျွမ်းကျင်ပညာရှင်တွေ ပါဝင်လာမှာဖြစ်ပြီး သင့်အားကစားနယ်ပယ်မှာ တိုက်ရိုက် အသုံးချနိုင်မယ့် လမ်းညွှန်မှုတွေကို ပေးသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အားကစားသမားတွေအနေနဲ့ လေ့ကျင့်ရေး ၊ ခရီးစရိတ်နဲ့ ပြိုင်ပွဲဆိုင်ရာ ကုန်ကျစရိတ်တွေကို အထောက်အကူဖြစ်စေဖို့ ငွေကြေးပံ့ပိုးမှုများလည်း အစီအစဉ်တစ်လျှောက် ရရှိမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ လူတိုင်းအတွက် ပုံစံတစ်မျိုးတည်း မဟုတ်ပါဘူး။ သင့်အတွက် အလိုအပ်ဆုံး ဘာလဲဆိုတာကို သေချာနားလည်ဖို့ အချိန်ယူပြီး သင် ဆက်လက်တိုးတက်နိုင်အောင် အကောင်းဆုံးပုံစံနဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ သင့်မှာ ရှိပြီးသား အရည်အချင်းတွေကနေ နောက်ထပ်အဆင့်တက်လှမ်းနိုင်ဖို့ ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
Red Bull Next Generation ဟာ သင့်မှာရှိပြီးသား အရည်အချင်းတွေကို ပိုမိုတိုးတက်စေဖို့ ရည်ရွယ်ပြီး သင့်ကို ထောက်ပံ့မှု ၊ လမ်းညွှန်မှုနဲ့ အခွင့်အလမ်းတွေ ပေးကာ သင်ပိုမိုတိုးတက်နိုင်အောင် ကူညီပေးမယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သင်ဟာ Red Bull Next Generation အဖွဲ့ထဲဝင်ရောက်ရမှာဖြစ်ပြီး အဲဒီအဖွဲ့နဲ့အတူ ပါဝင်ခြင်းက သင့်ကို ယုံကြည်မှုနဲ့ အထောက်အပံ့များကို ရရှိစေပါလိမ့်မယ်။ ဒါဟာ သင့်ရဲ့ လက်ရှိ လေ့ကျင့်ရေးစနစ်နဲ့လည်း အတူတကွ လုပ်ဆောင်ပြီး သင့်ရဲ့ လေ့ကျင့်မှု ၊ ပြိုင်ပွဲဝင်မှုနဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုတွေကနေ ပိုမိုအကျိုးအမြတ်ရရှိအောင် ကူညီပေးနမှာပါ။ သင့်ရဲ့ ခရီးစဉ်ကို သင်ကိုယ်တိုင် ဦးဆောင်နိုင်ပြီး သင့်ကို ပိုမိုရှေ့တိုးနိုင်အောင် အထောက်အပံ့တွေက ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
မရှိပါဘူး။ အစီအစဥ် လျှောက်ဖို့ရော ပါ၀င်ဖို့ရော ငွေကြေးလုံး၀ကုန်ကျမှုမရှိပါဘူး။
ဒီအစီအစဉ်ကို သင့်ရဲ့ လေ့ကျင့်ရေး ၊ ပြိုင်ပွဲတွေ ၊ လက်ရှိတာဝန်တွေနဲ့ လိုက်လျောညီထွေမှုရှိအောင် ဒီဇိုင်းရေးဆွဲထားပါတယ်။ နှစ်တစ်နှစ်အတွင်း အရေးပါတဲ့ အချိန်များမှာ သင်ဟာ Workshop များ ၊ Session များနှင့် လှုပ်ရှားမှုများတွင် ပါဝင်ရမှာဖြစ်ပြီး အဲဒီအချိန်ဇယားတွေကိုလည်း ကြိုတင်သိရှိနိုင်အောင် အမြဲပေးထားမှာပါ။ သင့်ရဲ့ အချိန်ဇယားကို အဓိကထားပြီး အစီအစဉ်အားလုံးကို စီမံထားတာကြောင့် သင့်ရဲ့ တိုးတက်မှုကို မထိခိုက်စေဘဲ ဒီအစီအစဉ်ကနေ အကောင်းဆုံး အကျိုးကျေးဇူးများကို ရရှိနိုင်ပါလိမ့်မယ်။
လျှောက်လို့ရပါတယ်။ ဒီအစီအစဉ်ကို သင့်ရဲ့ လေ့ကျင့်ရေး ၊ ပညာသင်ယူမှုနဲ့ အလုပ်တာဝန်တွေကို ထိခိုက်မသွားအောင် ကိုက်ညီစွာ ဒီဇိုင်းရေးဆွဲထားပြီး Workshop များ ၊ အရေးပါတဲ့ အချိန်များနဲ့ လိုအပ်သလို အသုံးပြုနိုင်တဲ့ လိုက်လျောညီထွေရှိတဲ့ အထောက်အပံ့များပါဝင်ပါတယ်။ သင့်အနေနဲ့ အချိန်ပြည့်ပါ၀င်နေဖို့ မလိုပါဘူး။ အရာအားလုံးကို သင့်ရဲ့ အချိန်ဇယားကို အဓိကထားပြီး စီမံထားတာကြောင့် သင့်ရဲ့ တာဝန်တွေကိုလည်း ဟန်ချက်ညီအောင် ထိန်းထားနိုင်ပြီး ဒီအစီအစဉ်ကနေ အကျိုးအမြတ်အပြည့်အဝ ရရှိနိုင်ပါလိမ့်မယ်။
လျှောက်လွှာအားလုံးကို သေချာစိစစ်ပြီး ရွေးချယ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကို အကြောင်းပြန်မဲ့ အချိန်ကတော့ မတူညီနိုင်ပါဘူး။ သေချာတာတစ်ခုကတော့ သင့်ရဲ့လျှောက်လွှာကို သေချာစစ်ဆေးပြီး ရွေးချယ်သွားမှာပါ။ သင့်ကိုပဏာမအဆင့်အနေနဲ့ ရွေးချယ်လိုက်ရင်တော့ ချက်ချင်းဆက်သွယ်သွားမှာဖြစ်ပါတယ်။