Image

26 စက်တင်ဘာ 2026 (09:00 - 19:00)

ASIA/YANGON

Myanmar

Myanmar

Red Bull Power Race Myanmar 2026

Myanmar Expo Exhibition Hall (မင်းနန္ဒာလမ်း နှင့် သုမနလမ်းထောင့်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့)

စျေးနှုန်း

63,000 MMK

event

Event Information

ရန်ကုန်မြို့မှာ မြန်မာနိုင်ငံတစ်ဝန်းက ကစားသမားတွေကို လက်ခံကြိုဆိုသွားမှာဖြစ်ပြီး သူတို့ဟာ နိုင်ငံတကာဗိုလ်လုပွဲ (Red Bull Power Race International Final) သို့ တက်ရောက်ခွင့်ရရှိမယ့် အခွင့်အရေးအတွက် ခြေစစ်ပွဲအုပ်စုတွေနဲ့ နိုင်ငံတော်အဆင့် ထိပ်တိုက်တွေ့ဆုံပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားကြရမှာ ဖြစ်ပါတယ်။

ထိပ်တန်းအမျိုးသား ၁၂ ဦးနဲ့ ထိပ်တန်းအမျိုးသမီး ၁၂ ဦးတို့ဟာ ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာလ ၁၈ ရက် ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး အဲဒီပွဲမှာတော့ Red Bull Power Race ရဲ့ ကမ္ဘာ့ပထမဆုံးပွဲဦးထွက်အဖြစ် မလေးရှား ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားကြရမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရသူတွေဟာ လေယာဉ်လက်မှတ် ၊ နေထိုင်စရိတ်နဲ့ ပြိုင်ပွဲဝင်ခွင့်တို့ကို ရရှိမှာဖြစ်ပြီး နိုင်ငံတကာစင်မြင့်ထက်မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲနေ့ဟာ ယှဉ်ပြိုင်မှုတစ်ခုဆိုတာထက် ပိုပါတယ်။ Red Bull ပြိုင်ပွဲတွေရဲ့ ထူးခြားဆန်းသစ်တဲ့ စွမ်းအင်တွေ ၊ ဖျော်ဖြေရေးတွေ ၊ ဂီတအငွေ့အသက်တွေကိုပါ ခံစားရမှာဖြစ်ပါတယ်။ သင့်ကို လာရောက်အားပေးဖို့ သင့်သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ ပရိသတ်တွေကို ခေါ်ဆောင်လာခဲ့ပြီး ပြိုင်ပွဲကွင်းအတွင်းရော ကွင်းပြင်ပမှာပါ လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေမယ့် နေ့တစ်နေ့ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လိုက်ပါ။

Red Bull Power Race ပြိုင်ပွဲအကြောင်း သိပြီးပြီလား။

ပြိုင်ပွဲပုံစံကို လေ့လာပါ၊ ကစားနည်းတွေကို ကျွမ်းကျင်အောင်ပြင်ဆင်ပြီး ပြိုင်ပွဲနေ့မှာ ဘယ်လို စိတ်လှုပ်ရှားစရာတွေ စောင့်ကြိုနေမလဲဆိုတာ ရှာဖွေလိုက်ပါ။

ပွဲနှင့်ပတ်သက်သော အကြောင်းအရာများ။

Myanmar Expo Exhibition Hall (မင်းနန္ဒာလမ်း နှင့် သုမနလမ်းထောင့်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့)

ရှေ့ကားပါကင် အစီး ၂၀၀ ဆံ့ + ဘေးကားပါကင် အစီး ၃၀၀ ဆံ့ (မသန်စွမ်းယာဉ်ရပ်နားရန်နေရာ အပါအဝင်)

ပွဲကျင်းပမည့်နေ့ (စက်တင်ဘာ ၂၆၊ စနေနေ့) နံနက် ၈:၀၀ နာရီတွင် တံခါးဖွင့်လှစ်မည်ဖြစ်ပြီး ပထမဆုံးပြိုင်ပွဲကို နံနက် ၉:၀၀ နာရီတွင် စတင်တာထွက်ပါမည်။ ယှဉ်ပြိုင်သူများအနေနဲ့ သတ်မှတ်အချိန်အလှည့်မတိုင်မီ အနည်းဆုံး မိနစ် ၆၀ အလို ကြိုတင်ရောက်ရှိပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အိတ်အပ်နှံရန်အတွက် လုံခြုံစိတ်ချရသော နေရာများစီစဉ်ပေးထားပြီး မိမိတို့ရဲ့ ဘစ်နံပါတ်နှင့် ချိတ်ဆက် မှတ်ပုံတင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ဘစ်နံပါတ်ကို တစ်ပါတည်း ယူဆောင်လာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ပြိုင်ပွဲဝင်များကို အားပေးဝန်းရံပြီး စိတ်လှုပ်ရှားဖွယ် အငွေ့အသက်များကို ခံစားနိုင်ဖို့အတွက် ပွဲနေ့မှာ လာရောက်ကြည့်ရှုအားပေးဖို့ အားလုံးကို နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ ပြိုင်ပွဲဝင်များကို အားပေးပြီး အတူတကွ ပါဝင်ဆင်နွှဲဖို့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။

ပွဲကျင်းပမည့်နေ့ - စက်တင်ဘာ ၂၆၊ တနင်္ဂနွေနေ့ (နံနက် ၈:၀၀ နာရီ – ညနေ ၇:၀၀ နာရီ) | ပြိုင်ပွဲရဲ့ အမြန်ဆုံး အရှိန်အဟုန်နဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တွေကို အပြည့်အဝ ခံစားလိုက်ပါ။

faq
banner

အမေးများသောမေးခွန်းများ။

Can take following Buses to Myanmar Expo Exhibition Hall. 4, 8, 9, 9-Sar-U, 33, 81, 85, 89-MND, 100, 120, 129, 133, 134

(Myanmar Expo Exhibition Hall) သို့ အောက်ပါ YBS ဘတ်စ်ကားများကို စီးနင်းပြီး လာရောက်နိုင်ပါသည်။ YBS - ၄၊ ၈၊ ၉၊ ၉ (စာဥ)၊ ၃၃၊ ၈၁၊ ၈၅၊ ၈၉ (MND)၊ ၁၀၀၊ ၁၂၀၊ ၁၂၉၊ ၁၃၃၊ ၁၃၄